သတင်းနှင့် လှုပ်ရှားမှုများ
၂၀.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ အိမ်တွင်းမှုတစ်ပိုင်တစ်နိုင် ထုတ်လုပ်သည့် “ရွှေလက်ရာ” အမှတ်တံဆိပ် ဝဥကြာဇံမာလာနှင့် မာလာရှမ်းကော အသင့်စားလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့သည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထိန်လင်းထွန်းမှ (၂၀.၉.၂၀၂၄) ရက်နေ့တွင် သထုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ “Talk Show” ဆွေးနွေးပွဲကို သထုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းတွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးစိုးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းနုမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၏ ထ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက် (၀၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ မြန့်မာ့စီးပွားရေဘဏ်ရှေ့တွင် ပင်စင်လာရောက် ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစား သောက်ကုန်များ ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Mahar Phone Let Yone ကုမ္ပဏီမှ မြိတ်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီ ၅၇ ပေပါ (သို့) ပိဿာ ၆၂၇၀ကို တင်ဆောင်လာသောမော်တော်ယာဥ်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၃) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
