Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Sep 2024

    ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၃.၉.၂၀၂၄)ရက်နေ့တွင် ပင်လုံမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသင့်စား ခေါက်ဆွဲခြောက်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

30 Sep 2024

     ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန် တွင် ကျိုင်းတုံမြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့်  ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

30 Sep 2024

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဦးတင်ဌေး (ရုံးအုပ်) ဦးဆောင်၍ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အစားအသောက်နှင့်ကုန်ပစ္စည်းများ ရောင်းချနေသော ဦးတင်မောင်ဌေးကုန်စုံဆိုင်၊ ရွှေခေတ်စံ (Mini Mart) နှင့် MJ Store ဆိုင်များအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေအရ ပြဌာန်းချက်နှင့် ကိုက်ညီမှုရှိ/ မရှိ ကွင်

30 Sep 2024

     ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် စားသုံးသူယုံကြည်မှုတိုးတက်စေရန် ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိသော စားသုံးသူ ကာကွယ်ရေးမူဝါဒများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အခြားသောကူးသန်းရောင်းဝယ်ရေး ကဏ္ဍများထက် အကာအကွယ်ပေးမှု အဆင့်အတန်းမလျော့နည်းစေရန်အတွက် ဆောင်ရွက်ရပါမည်။

30 Sep 2024

        စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၃-၉-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ ထက်ဧကရီနှင့် Moon Sun စက်သုံးဆီဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

Pages