သတင်းနှင့် လှုပ်ရှားမှုများ
(၂၀.၉.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသာ်များသည် ဆန်စက်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှု ပြုလုပ်ခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်(၆)အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

(၁၉.၉.၂၀၂၄)ရက်နေ့၊နံနက်(၀၉:၀၀)နာရီတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ် ဈေးကွက်အတွင်း အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည် ထုပ်အမျိုး မျိုးအား မိတ်ဖက်ပူးပေါင်းအဖွဲ့ဖြစ်သော စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ထွေအုပ်အဖွဲ့တို့နှင့်အတူ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၉.၂၀၂၄)ရက် နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြပါသည်။
