သတင်းနှင့် လှုပ်ရှားမှုများ
(၁၉.၉.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၃၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အတွက် ဆွေသဟာဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

(၁၉.၉.၂၀၂၄)ရက်နေ့၊နံနက် (၁၁:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူနြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အွန်လိုင်ဖြင့် ဈေးရောင်းချသူ(၁၇) ဦးအား ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

(၁၉.၉.၂၀၂၄)ရက်နေ့၊နံနက် (၁၁:၀၀)နာရီ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် စက္ကော့တောင်ကျေးရွာ (အ.ထ.က)ကျောင်းတွင် ကျောင်းသား/သူ (၂၅၆)ဦးအား မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၂၀.၉.၂၀၂၄) ရက်နေ့ ၊နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ဆီအသင်းဥက္ကဌ ဦးညီညီအောင်နှင့်အတူ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီများမှ (၁၉.၉.၂၀၂၄)ရက်နေ့ထုတ် (၃၈)ပေပါ (၂၀.၉.၂၀၂၄)ရက်နေ့ထုတ် (၃၈)ပေပါ စုစုပေါင်း (၇၆)ပေပါ (သို့) ပိဿာ ၈၃၆၀သည် တော်ဝင်ဧကရာဇ်ကုမ္ပဏီကားဖြင့် မြောင်းမြမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်၊ ဘဒလင်ကျောင်းကြီးလမ်းရှိ အ.ထ.က(မြန်အောင်)ကျောင်း၌ ဆရာ/ဆရာမ (၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
