Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Sep 2024

   စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးသည်  (၂၀.၉.၂၀၂၄)ရက်နေ့၊နေ့လယ်(၁၃:၄၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ သိပ္ပံလမ်းရှိ စိန်ဆီစက်၌ စားသုံးဆီခွဲတမ်းရကုန်စုံဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

30 Sep 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၉.၂၀၂၄)ရက်နေ့ နေ့လယ် (၁၅:၀၀)နာရီတွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

30 Sep 2024

      ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန ၊ တောင်ကြီးမြို့တွင်( ၁၉-၉-၂၀၂၄)ရက်နေ့နှင့် (၂၀-၉-၂၀၂၄)ရက်နေ့တွင် သတင်း/ဆောင်းပါးရေးသားနည်း သင်တန်းဖွင့်လှစ်သင်ကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို ရှမ်းပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဖြူ ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက သတင်းရေးသားထုတ်ပြန်ခြင်း၊သတင်း/ဆောင်းပါးများရေးသားနည်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များကို ဆွေးနွေးပို့ချခဲ့ပါသည်။

30 Sep 2024

     ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ စွန်မိုင်ရပ်အတွင်းရှိ “မြင်းပျံ” အမှတ်တံဆိပ် မုန့်တီခြောက်ထုတ်လုပ်သည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည

30 Sep 2024

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၉.၂၀၂၄)ရက် နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကဝမြို့အတွင်း အခြေခံလူသုံးကုန်ပစ္စည်းများနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

Pages