
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ (၁၈.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေများတွင် အခန်းပေါင်း (၂၅) ခန်းရှိသည့် အနက် အခန်း(၉) ဖြစ်သော စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း ရှင်းလင်း ပြောကြား ခဲ့ပါသည်။စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အတွက် စားသုံးသူရေးရာဦးစီး ဌာနအနေဖြင့် အသိပညာပေး ဟောပြောပွဲများ၊ ဈေးကွက်ကွင်းဆင်း စစ်ဆေးခြင်းများ၊ပြည်သူလူထုထံ သို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိပါသည်။ ထို့အပြင် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာ၍ 1535 သို့ တိုင်ကြားဆက်သွယ်လာသည့်အခါတွင်လည်း လက်ခံ ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှု အပေါ် သတင်း ရရှိပါသည်။
(Doca ဧရာဝတီ)
