Main menu

အင်္ဂပူမြို့နယ် အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိပြီးသော “လင်းလက်ကြယ်စင်” အလှကုန်နှင့် အဝတ်အထည်အမျိုးမျိုး အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၈.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ဗိုလ်ချုပ်လမ်း၊ထူးကြီးမြို့ရှိ Online စနစ်ဖြင့်ရောင်းချလျက်ရှိသော “လင်းလက်ကြယ်စင်” အလှကုန်နှင့်အဝတ်အထည်အမျိုးမျိုးရောင်းချ သောဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာ တွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ် ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်း ကိုက်ညီမှုရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)