
ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် (၁၇-၁၁-၂၀၂၅)ရက်နေ့တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဒေးဒရဲမြို့ ရှိ စက်သုံးဆီရောင်းချလျက်ရှိသည့်"ရတနာကောင်းကင်"စက်သုံးဆီအရောင်းဆိုင် နှင့် “BOC"စက်သုံးဆီဆိုင်များသို့သွားရောက်၍ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် "ရတနာကောင်းကင်" စက်သုံးဆီဆိုင်နှင့် “BOC"စက်သုံးဆီအရောင်းဆိုင်၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီ အရည်အသွေး၊ အချင် အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန် အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင် နှင့် တွေ့ဆုံကာ မြို့နယ် အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်း အဆမတန် မြှင့်တင် ရောင်းချမှုများ မရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချရေး ဆွေးနွေး မှာကြားခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
(Doca ဧရာဝတီ)
