
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၁၇.၁၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) အချိန်တွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့နှင့်အတူ ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ရန်နိုင်ဦး” အဆင့်မြင့်ဆန်စက်သို့ သွားရောက်၍ MyRo တွင် ဆန်စပါး ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ ဖြည့်သွင်းထားရှိမှုနှင့် မြေပြင်လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ MyRo တွင် ဆန်စပါး လက်ကျန်စာရင်း ဖြည့်သွင်းထားမှုနှင့် မြေပြင် ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
EYDNS(DOCA ဧရာဝတီ)
