Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 May 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက် (Vision) နှင့် ရည်မှန်းချက် (Mission)များကို အောင်မြင် စွာဆောင်ရွက်နိုင်စေရန် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

09 May 2024

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂-၅-၂၀၂၄) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ‌ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီ

09 May 2024

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများ အလွယ်တကူဝယ်ယူသုံးစွဲနိုင်စေရန်နှင့် ဈေးနှုန်း၊ ဈေးကွက်တည်ငြိမ်မှန်ကန်စေရန်ရည်ရွယ်၍ ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

09 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ တပ်ကြီးကုန်း ကျေးရွာရှိ Star Hight-2 ဆိုင်တွင် (၇.၅.၂၀၂၄)ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်တွင် မှော်ဘီ မြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုတိယကြီးကြပ်ရေးမှူးက ဆိုင်တာဝန်ခံ ဦးစိုးသီဟနှင့် ဆိုင်ဝန်ထမ်းအား အသိပညာပေး ဟောပြောရာတွင် မိမိတို့ဦးစီးဌာန၏ မိတ်ဆက်အမှာစကား ပြောကြားပြီး စက်သုံးဆီ ဈေးနှုန်း၊ ဆီပြတ်လပ်မှုရှိ/မရှိ၊ နေ့စဉ်ဆီဘောက်ဆာကားဝင်ရောက်မှု၊ စက်သုံးဆီလက်ကျန်အခြေ အနေများကို အချိန်နှင့်တပြေးညီစာရင်းပြုစု

09 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုတိယဦးစီးမှူးပါ (၃)ဦး၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုအဆောင်ကော်မတီဝင် ဦးမျိုးမင်းထွန်း၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် (၄.၅.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၂၀)အချိန်မှစ၍ ရွှေပြည်သာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်များရှိ ဈေးများအတွင်း စားသုံးဆီ လက်လီရောင်းချနေသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages