Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
09 May 2024

     စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် ၇.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်အသင်းတို့မှ ခွဲဝေရရှိသော စားအုန်းဆီများကို ဦးထင်ကျော် (ကိုယ်စားလှယ်)မှ စားသုံးသူပြည်သူများအား လက်လီရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

09 May 2024

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဝန်ထမ်းသည် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးတွင် (၆.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနနှင့် ပူးပေါင်

09 May 2024

     စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် တာဝန်ခံသည် ၈.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ မြှင့်တက်လျက်ရှိသည့်အတွက် ဈေးနူန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

09 May 2024

    စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၉.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်​​​​​ပြန်ဆက်တို့နှင့်  ပူးပေါင်း၍ ဘီးလင်း မြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

09 May 2024

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၆-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုပ်ပိုးသုံးစ

Pages