
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး ဦးဆောင်၍ အမှတ် (၁၃-ရပ်ကွက်) မြင်းခြံကားကြီးဝင်းအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော ဇွဲမာန်ဆန်ပွဲရုံသို့ (၁၂-၁၁-၂၀၂၅) ရက်နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဇွဲမာန်ဆန်ပွဲရုံတွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ် အိတ်လျှင် (၁၆၅၀၀၀) ကျပ်၊ ဧရာမင်း(ရွှေဘို)ဆန်(၂၄)ပြည်တစ်အိတ်လျှင် (၁၃၅၀၀၀) ကျပ်၊ ဧရာပဒေသာ(ကျောက်ဆည်)ဆန် (၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀)ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်နှင့် ရက်(၉၀)ဆန်(၂၄) ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ဈေးနှုန်းများဖြင့် သင့်တင့်မျှတ သောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဇွဲမာန်ဆန်ပွဲရုံ ပိုင်ရှင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက MyRO တွင် ဆက်လက် မှတ်ပုံတင်သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
