သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ မြို့မဈေးအတွင်းရှိ စည်ပင်သာယာခန်းမတွင် (၂၉-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၃၀)နာရီအချိန်၌ မှော်ဘီမြို့မဈေးရှိ စားအုန်းဆီ ရောင်းချသော ကုန်မျိုးစုံဆိုင်များနှင့် ဈေးသူ/ဈေးသားများအား ကွင်းဆင်းအသိပညာပေးဟောပြောခဲ့ပါသည်။
၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ မြို့သစ်ရပ်အတွင်းရှိ ဝက်ခေါက်နှင့်အမဲခေါက်ထုတ်လုပ်သည့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခေတ္တခရိုင်ဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ (၆)ရက်နေ့၊ နံနက် (၁၀း၀၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်းများသို့ တရားမဝင်ဆေးဝါးရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်း ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းသို့ ယာဉ်အမှတ် 2C/4296 ၊ NISSAN DIESEL မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသော စားအုန်းဆီ ၁ ပေပါလျှင် ပိဿာ ၁၁၀ ပါသည့် စားအုန်းဆီ ၆၀ ပေပါ ရောက်ရှိလာခဲ့သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစိးမှူး ဦးစိ
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြခန်းများကို ၃၀.၄.၂၀၂၄ မှ ၁.၅.၂၀၂၄ ရက်နေ့ထိ ခင်းကျင်းပြသခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ပူးပေါင်းပါဝင်ပြသခဲ့သည်။