သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၂-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်မှစ၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှ (၂)ဦးပူးပေါင်းပါဝင်လျက် ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ပုဂ္ဂလိကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြို့နယ် တာဝန်ခံသည် မြောင်မြို့၊ တောင်ရပ်ကွက်ရှိ ဆီစက်(ဆုံဆီ)လုပ်ငန်းရှင် ဒေါ်လီလီမြင့်နှင့် မေလ ၂ ရက်နေ့က တွေ့ဆုံခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက် ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်း ရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ မေလ ပထမ အပတ် ၄ ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင် နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်း ဝက်သားသတ်လိုင်စင်ရရှိသူ ဦးဝေယံရဲမြင့်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ရုံးအုပ် ဒေါ်တင်တင်ဌေးသည် တိုက်ကြီးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၉)ဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။