
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၈၅ လမ်း၊ ၃၆လမ်းနှင့်၃၇လမ်းကြားရှိ ရွှေပြည့်စုံဆန်ရောင်းချသည့်ဆိုင်သို့ သွားရောက်၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)၏အရောင်းအဝယ်ဖြစ်သည့်ဆန်စျေးကွက်စျေးနှုန်းများသတ်မှတ်ချက်ထက်ဆန်စျေးနှုန်းပိုမို ရောင်း ချခြင်းရှိမရှိနှင့် ဆန်လက်ကျန်အခြေအနေများအားပူးပေါင်းအဖွဲ့များဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင် သာယာရေး အဖွဲ့၊မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည် များအသင်း၊ ဥက္ကဌဦးကျော်မင်းဌေး နှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန၊မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးဇော်လွင်နှင့် ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေတို့ ပါဝင် ပြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစား စျေးနှုန်းများသင့်တင်မျှတသောစျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)
