Main menu

  အောင်ဓူဝံရပ်ကွက်ရှိ စိန်ရတနာဆန်နှင့်ဆီအရောင်းဆိုင်သို့ စစ်ဆေးခြင်း

Powered by Drupal

              မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အောင်ဓူဝံရပ်ကွက်၊ ၃၅လမ်း၊၈၆လမ်း နှင့် ၈၇လမ်းကြားရှိ စိန်ရတနာဆန်နှင့်ဆီရောင်းချသည့် ဆိုင်သို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)၏ အရောင်းအဝယ်ဖြစ်သည့် ဆန်စျေးကွက်စျေးနှုန်းများ သတ်မှတ်ချက်ထက် ဆန်စျေးနှုန်းပိုမို ရောင်းချခြင်းရှိမရှိနှင့် ဆန် လက်ကျန်အခြေအနေများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင်မဟာအောင်မြေမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း၊ဥက္ကဌဦးကျော်မင်းဌေးနှင့်အတူစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဇော်လွင်နှင့် ဦးစီးအရာရှိဒေါ်ယဉ်ယဉ်ရွှေတို့ပါဝင်ပြီး၊ မဟာအောင်မြေ မြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစား စျေးနှုန်းများ သင့်တင်မျှတသောစျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)