Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

                  စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး(ဦးစီးအရာရှိ)           ဦးဆောင်သော ဝန်ထမ်း ( ၃ )ဦးသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ( ၁၈ )ရက်နေ့( ၁၀:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း( ခွဲ )လောဓမ္မသို့ သွားရောက် ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

               အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးကျော်ဇင်ထွေး ( ဒု-ဦးစီးမှူး ) ကစားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့် အရေး( ၈ )ချက်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကျောင်းသား/ကျောင်းသူများ အနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး( ၈ )ချက်ကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူ တတ်စေရန် စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်( ၄ )ချက်၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲ သည့်ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊    ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှ ဖြစ်စေ၊ Doca Myanmar applicationများမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT U9 Atom Mytel ဆင်းကတ်များ ဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင် ခြင်းတို့အား ဆရာ/ဆရာမ ( ၈ )ဦး၊ ကျောင်းသား/ကျောင်းသူ( ၁၈၉ )ဦး၊ စုစုပေါင်း( ၁၉၇ )ဦးတို့အား အကျယ် တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းနှင့် ကျောင်း ကျန်းမာရေးအဖွဲ့နှင့်အတူ ကျောင်းမုန့်ဈေးတန်းများပါ တစ်ပါတည်းစစ်ဆေးဆောင်ရွက်ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)