Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

           မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁.၃.၂၀၂၅ ရက်နေ့ နံနက်က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

24 Mar 2025

           ၂၂.၃.၂၀၂၅ ရက်နေ့တွင် ရေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်အိဖြိုးသည် ရေးမြို့နယ်၊ အောင်သုခရပ်ကွက်အတွင်းရှိ ဟောတော်ငရုပ်ဆီထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင် ဦးကိုကိုလွင်နှင့် တွေ့ဆုံခဲ့ပြီး ထုတ်လုပ်ဖြန့်ဖြူးမည့် ကုန်ပစ္စည်း များအရည်အသွေးကောင်းမွန်စေရန်နှင့် သန့်ရှင်းမှုရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

24 Mar 2025

          ၂၁.၃.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ မြို့မဈေးအတွင်း ကုန်စုံဆိုင်များတွင် ရောင်းချနေသော ယိုအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

24 Mar 2025

မြင်းခြံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)သည် မြင်းခြံခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၁-၃-၂၀၂၅ ရက်နေ့၊ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် Talk Showအစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

24 Mar 2025

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်းဦးစီးမှူးရုံးတွင် (၂၀.၃.

Pages