Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၂.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

24 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများ၊ မြန်အောင်ခရိုင်ဆီကိုယ်စားလှယ်အသင်း ဥက္ကဌ နှင့် ပူးပေါင်း၍(၁၇.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်အတွင်းရှိ အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်းရပ် ကွက်၊အမှတ်(၃)ရပ်ကွက်၊အင်ပင်မြို့နှင်ဆန်နီချောင်ကျေးရွာရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှုနှင့် ပတ်သတ်၍  ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

24 Mar 2025

             စားသုံးသူရေးရာဦးစီးဌာန၊လေးမျက်နှာမြို့နယ်တာဝန်ခံသည် ၂၀၂၅ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ခမောက်စုရွာအတွင်းရှိ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချသော ပြည်တွင်းထုတ် အသင့်သောက်ကော်ဖီအမျိုးမျိုးနှင့် မုန့်မျိုးစုံတို့အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

24 Mar 2025

           စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၁၈.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကို ဆောင် ရွက်ခဲ့ပါသည်။

24 Mar 2025

             စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၉.၃.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်  မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

Pages