သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၉.၃.၂၀၂၅) နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသောလုပ်ငန်းရှင်(၈)ဦးနှင့် တွေ့ဆုံ၍ လုပ်ငန်းရှင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၀.၃.၂၀၂၅) နေ့ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူ(၃၀)ဦးအား ပန်းတနော်မြို့နယ်တာဝန်ခံရုံးတွင် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး၊ မအူပင်မြို့နယ်ဦးစီးမှူးမှ၊ ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)သည် မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အွန်လိုင်းမှ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသည့် ပြည်သူများကို သတိပြုဝယ်ယူနိုင်ရန်အတွက် အသိပညာပေး Talk Showကို ၂၀၂၅ခုနှစ် မတ်လ ၂၁ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မအူပင်လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး နှင့် ဝန်ထမ်းများသည် (၂၀.၃.၂၀၂၅) နေ့ နေ့လယ် (၁၄း၀၀ ) နာရီအချိန်တွင် ဓနုဖြူမြို့ အမှတ်(၁)ရပ်ကွက် ရွှေကောင်းကင်ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင် နှင့် ဝန်ထမ်းများသည် (၂၀.၃.၂၀၂၅) နေ့ နေ့လယ်(၁၄း၃၀) နာရီအချိန်တွင် ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာတွင် တောင်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
