Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Apr 2024

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် (၉-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပန်းတိမ်မြောက်ရပ်ကွက်ရှိ “ရွှေဘရားသား” စိုက်ပျိုးရေးသုံးပစ္စည်းမျိုးစုံအရောင်းဆိုင်သို့သွားရောက်၍ မြန်မာစာကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာပါဝင်သော ကုန်ပစ္စည်းများရောင်းချမှုရှိစေရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

11 Apr 2024

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှု‌လျော့ချရေး Campaign အား  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့ တိုင်းအား ပလတ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ပြီး စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိပါသည်။

11 Apr 2024

    မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးသည် (၃.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက် ကွန်မြူနတီခန်းမ၌ ကျင်းပပြုလုပ်သော အင်္ဂလိပ်စာ( 4 Skills)သင်တန်းနှင့် ပန်းချီသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား စားသောက်ကုန်များ ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေ

11 Apr 2024

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ အပတ်စဉ်တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၈.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့မစျေးအတွင်း ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးရောင်းချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်းနှင့် ပလတ်စတစ်အိတ် အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုပ်ပိုး

10 Apr 2024

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၅-၄-၂၀၂၄) ရက်နေ့၌ စားသုံးသူကာကွယ်​​ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

Pages