သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ရုံးအုပ်)သည် ၈.၄.၂၀၂၄ ရက်နေ့တွင် မိုးညှင်းမြို့၊ ရွာသစ်ကုန်းရပ်ကွက်ရှိ ရွှေသစ္စာ (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့မှ ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ၊ ဧပြီလ ၈ ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ထားဝယ်မြို့တွင်းရှိ ဘိလပ်မြေ အရောင်းဆိုင် များ၌ ဆိုင်ရှင်များနှင့်တွေ့ဆုံ၍ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် စျေးနှုန်း/စျေးကွက် အခြေနေများနှင့် ပတ်သက်၍ သွားရောက်စစ်ဆေး မေးမြန်းခဲ့ပါသည်။ ထိုသို့စစ်ဆေးမေးမြန်းခဲ့ရာ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှု မရှိပါကြောင်းနှင့် ဈေးနှုန်း/ဈေးကွက် အခြေအနေများ ပြောင်းလဲမှု မရှိပါကြောင်း သိ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး (၃-၄-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ “မြသိန်းသန်း” ကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်းရှင်၊ “ရွှေစင်အိ” မုန့်ကျိုးလိမ်လုပ်ငန်းရှ
၅.၄.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့ အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသော ဆိုင်များသို့ သွားရောက်၍ ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်း တည်ငြိမ်မှုရှိ/မရှိအခြေအနေအား ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် ဝန်ထမ်းများသည် (၄-၄-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀)နာရီမှ နံနက်(၁၁:၀၀)နာရီအချိန်ထိ မကွေးမြို့၊ မြို့မစျေးအတွင်းရှိ ကုန်စုံဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ(စည်ပင်သာယာရေးအဖွဲ့)တို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်းရှိ ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab ဖြင့် စစ်ဆေးခဲ့ပါသည်။