Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Feb 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်(ဦးစီးအရာရှိ) သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပန်းတနော်လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

21 Feb 2024

   စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၈:၀၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

21 Feb 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ သည် ပန်းတနော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်ကွပ်နေပြည်သူများနှင့် ရပ်ကျေးအုပ်ချုပ်ရေး မှူးများတွေ့ဆုံ၍ (၁၄.၂.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြည်သူ(၅၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေခြင်း ကို ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

21 Feb 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်၊ တာဝန်ခံဒေါ်ဇင်မာသန်းသည် (၁၆.၂.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk Show ပြုလုပ်ခဲ့ပါသည်။

21 Feb 2024

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်၊ တာဝန်ခံ ဦးအောင်မိုးသည် (၁၆.၂.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

Pages