
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံ လိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ (၂၈.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်နှင့် အဝတ်အထည်များ ရောင်းချသည့် လုပ်ငန်းရှင်ထံသို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် ဒု-ခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့်ရောင်းချနေသည့် လုပ်ငန်းရှင်များ အနေဖြင့် အွန်လိုင်းမှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ထားခြင်းမရှိလျှင် အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ အွန်လိုင်း မှတ်ပုံတင်ထားခြင်းဖြင့် အွန်လိုင်းရောင်းချနေသော လုပ်ငန်းများမှ အဝတ်အထည်၊ အစား အသောက်၊ အလှကုန်ပစ္စည်းများစသည့် ကုန်စည်အမျိုးမျိုးကိုစားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲ ရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး၊ အာမခံချက်များရရှိမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့် ကုန်စည်အမျိုးမျိုးအား ရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက် ထားရန် အတွက် လျှောက်ထားရန်အခြေခံလိုအပ်ချက်များအပါအဝင် အခြားသိကောင်းစရာများနှင့် လိုအပ် သည်များကိုလည်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
