Main menu

“ ပျော်ဘွယ်မြို့နယ်တွင် Win Lady Fashion   Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဆောင်သောအဖွဲ့မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်ရှိ Win Lady Fashion Online Sale ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်း များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ချက်များနှင့် အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။  

DOCA(မန္တလေး)