Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၉.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်  အင်္ဂပူမြို့နယ် အမှတ်(၃)ရပ်ကွက် နှင့် ကံသာယာလမ်းရှိ စတိုးဆိုင်များတွင် ရောင်းချ လျက်ရှိသော အလှကုန်အမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချသောလုပ်ငန်းများသို့ အွန်လိုင်း မှတ်ပုံတင်ထားမှု ရှိ/မရှိ၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

24 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၀.၃.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊မင်းသီရိ(၂)မြို့မရပ်ကွက်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အသေးစား ဒေသထွက်ကုန်လုပ်ငန်းရှင်(၁၅)ဦးအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

24 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၉.၃.၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၅) နာရီအချိန်တွင် ဟင်္သာတမြို့၊လယ်တော်ရပ်၊ အဝေပြေးကားဝန်းအတွင်းရှိ A-13 ဆီအရောင်းဆိုင်ခန်း၌ စားအုန်းဆီလက္ကားရောင်းချသူများနှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

24 Mar 2025

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၈.၃.၂၀၂၅)ရက်နေ့၊ နေ့လည်  (၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်အမျိုးမျိုးနှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိ၊ တရားမဝင်ကုန်စည်များရောင်းချမှုမရှိစေရေး ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

24 Mar 2025

            စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၉.၃.၂၀၂၅)ရက်နေ့ ၊ နံနက် (၉:၀၀) အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ  ကုန်စုံဆိုင်များ၊  စားအုန်းဆီ လက်လီ၊ လက္ကားအရောင်းဆိုင်များအား ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages