Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်၊ ရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးဌာန (စစစ)တို့နှင့် ပူးပေါင်း၍ မတ်လ (၁၉)ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များသို့ အမှတ်တံဆိပ်ပါ ဘူးဆီများတွင် FDA ထောက်ခံချက် နှင့် မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

24 Mar 2025

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော် ၂၀၂၅ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် (၇)ရပ်ကွက်ရုံး၌ (၇)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခဲ့ပါသည်။

24 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန ၊ ဖျာပုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ မတ်လ(၁၉) ရက်နေ့တွင် က္ကစ္ဆိတံဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

24 Mar 2025

          ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ မတ်လ(၁၉) ရက်နေ့တွင် ဆန်/စပါး အသင်းရုံး၌ ဆန်/စပါးလုပ်ငန်းရှင် (့၃၀)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

24 Mar 2025

          စားသုံးသူရေးရာဦးစီးဌာန ဒေးဒရဲမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မတ်လ (၁၉)ရက်နေ့ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် ဒေးဒရဲမြို့ ချောင်းဖျား ကျေးရွာ၊ အမေ့ဂုဏ်ရောင် ဆန်စက်ရှိ လုပ်သားပြည်သူ(၁၅)ဦးအား  စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages