Main menu

မအူပင်ခရိုင်တွင် စားသုံးသူရေးရာအသိပညာပေး Talk Show ဆွေးနွေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး TalkShow အား (၂၈-၇-၂၀၂၆) ရက်နေ့ နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ကနဦးတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ) မှစတင်မိတ်ဆက်၍ ယခုပညာပေးရခြင်းသည် စားသုံးသူပြည်သူများ မိမိတို့၏အခွင့်အရေးကို သိရှိနားလည်ရန် Online မှတဆင့် ဆွေးနွေးရခြင်းဖြစ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ဆောင်နေသော လုပ်ဆောင်ချက်များနှင့် စားသုံးသူများ၏ရရှိသင့်သောအခွင့်အရေးကိုသိရှိနိုင်စေရန်၊ သတင်းအချက်အလက်များမှန်ကန်စေရန်၊ ဘေးအန္တရာယ်ကင်းပြီး စိတ်ကျေနပ်မှုရရှိစေရန်၊  လုပ်ငန်းရှင်များအနေဖြင့်လည်း ဥပဒေနှင့်အညီဆောင်ရွက်ကြရန်၊ စားသုံးသူအခွင့်အရေးနစ်နာမှုများကို ကာကွယ်ရန်နှင့် စားသုံးသူတို့ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည်/ဝန်ဆောင်မှုများနှင့် စပ်လျှဉ်း၍ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှုများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျှက်ရှိကြောင်းကို ပြောကြားဆွေးနွေးခဲ့ကြောင်း သိရပါသည်။

          နိဂုံးချုပ်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသော ကုန်စည်ကိုအသုံးပြုနိုင်ရန်အတွက် ဥပဒေဖြင့် ကာကွယ်ထားသည့်အကြောင်းအရင်းကို ရှင်းလင်းဖြေကြားရာ ဘေးအန္တရာယ်ကင်းသော ကုန်စည်ကို အသုံးပြုလိုပါက ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါဝင်သော ကုန်စည်မျိုးကိုသာ ရွေးချယ်အသုံးပြုရန်၊ စားသုံးသူများအနေဖြင့် မိမိတို့ရရှိထားသည့် အခွင့်အရေးများနှင့်စပ်လှဉ်း၍ နစ်နာဆုံးရှံးမှုများရှိလာပါက နီးစပ်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာကော်မတီသို့လည်းကောင်း ဌာန၏ Website ဖြစ်သော doco.gov.mm မှလည်းကောင်း၊ Call Center ဖုန်းနံပတ်ဖြစ်သော ၁၅၃၅ သို့လည်းကောင်း ဆက်သွယ်၍ တိုင်ကြားနိုင်ကြောင်း စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားမှု များကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် အသင့်ရှိနေကြောင်းကို စားသုံးသူပြည်သူများ သိရှိနိုင်စေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးအသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)