Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Jan 2024

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဆောင်းသီးနှံ သီးထပ်၊ သီးညှပ်စိုက်ပျိုးနေမှုအခြေအနေအား ဇန်နဝါရီလ (၆)ရက်နေ့၊ နေ့လယ်(၃:၃၀)နာရီအချိန်တွင် ကော့မှူးမြို့ ဝါးဘကောက်သောက်ကျေးရွာ၊ ကားလမ်းမကြီး၏ ဘေးဝဲယာတွင်စိုက်ပျိုးလျက်ရှိသော တောင်သူ များစိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

16 Jan 2024

    ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ အေးချမ်းသာယာခန်းမ၌ မြို့ပေါ်ရှိဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး မြို့ပေါ်နှင့် ကျေးလက်ဒေသနေပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေး  အပတ်စဉ်ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေအပေါ်တွင် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း စားအုန်းဆီများကို

16 Jan 2024

   ၈.၁.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများသည် မော်လမြိုင်မြို့ပေါ်ရှိ ကျော်ကြား၊ A to Z၊ မိခင်၊ ဟင်္သာမင်း၊ ရာမန်စသည့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ သံချောင်းလုံး၊ သံမဏိများရောင်းချနေမှု အခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

16 Jan 2024

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၈.၁.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ ရတနာစံအိမ်ဆောက်ပစ္စည်း အမျိုးမျိုးအရောင်းဆိုင်နှင့် စိန်သန်းဦး သံထည်နှင့်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တို့သို့ သွားရောက်၍ သံချောင်းလုံး၊ သံမဏိများရောင်းချနေမှုတွင် အလေးချိန်နှင့် ဈေးနှုန်းအခြေအနေများကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

16 Jan 2024

   ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌတို့ပူးပေါင်းပါဝင်၍ မြို့မဈေးစည်ပင်သာယာရေးရုံး၌ မြို့နယ်အတွင်း ဆီရောင်းချမည့် ဆီထုတ်ကိုယ်စားလှယ် (၃) ဦးနှင့်အတူ လက်လီရောင်းချပေးသည့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအားတွေ့ဆုံခဲ့ပြီး အပတ်စဉ်ထုတ်ပြန်ထားသည့် သတ်မှတ

Pages