Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Jan 2024

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ဦးဆောင်မှုဖြင့် ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့မှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(၉) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ဘုတ်ချောင်းရပ်၊ သံသရာအေးဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ရွေးချယ်ဝယ်ယူစားသုံး‌နိုင်စေရေး ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဟောပြောခဲ့ပါသည်။

12 Jan 2024

    စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် (၂ . ၁ .

12 Jan 2024

          စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ၊ ဦးဇော်မင်းသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅  ရက် ညနေ (၁၆း၀၀) နာရီချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ထွေအုပ် အစည်းဝေးခန်းမ၌ မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များတွင် တရားမဝင်ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေး၊ အရည်အသွေးနှင့် ကိုက်ညီစေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စနစ်တကျ ရောင်းဝယ်စေရေးအတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရပါသည်။

12 Jan 2024

     စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပေးသော စားအုန်းဆီများအား ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ရခိုင်ပြည်နယ်သို့ MV- MOON Light သင်္ဘောဖြင့် သယ်ဆောင်လာသည့် စားအုန်းဆီ ( ၂၅၀၀ ပီပါ ) အား စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ ၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

12 Jan 2024

   စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် ၅.၁.၂၀၂၄ ရက်နေ့တွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန၌ “အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Pages