သတင်းနှင့် လှုပ်ရှားမှုများ
ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်၍ ငပုတောမြို့နယ် စည်ပင်သာယာရေးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၁၇-၁-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က(၃) ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆရာ၊ ဆရာမ (10) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး၊ စုစုပေါင်း (၂၁၀) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်သီတာဌေး၊ ဒေါ်စုနွေးသီရိမောင်(အကြီးတန်းစာရေး)နှင့် ဒေါ်မိခင်သူဇာ (အကြီးတန်းစာရေး)တို့သည် (၁၈-၁-၂၀၂၄) ရက် ကြာသပတေးနေ့၊ နံနက်(၀၈:၅၀) နာရီအချိန်တွင် ဘားအံမြို့ရှိ အ.မ.က (၁) မူလွန် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၁၈-၁-၂၀၂၄ ရက် (ကြာသပတေးနေ့) ၊ နံနက် ၀၉:၀၀ နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က(၁)မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် ၁၈.၁.၂၀၂၄ ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၊ မေတ္တာခန်းမဆောင်၌ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။