သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၉.၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီက အိမ်မဲမြို့နယ်၊ ပေပင်စုကျေးရွာ အ.လ.ကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ငပုတောမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူး ရောင်းချမည့် ဆီထုတ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်းပြန်လည်ရောင်းချမည့် ၎င်းတို့၏ လက္ကားကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားအုန်းဆီများ ဈေးကွက်အတွင်း ပြန်လည်ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချရန်နှင့်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန်၊ မြို့နယ်အတွင်း စားအုန်းဆီရရှိမှု ဈေးကွက်အခ
(၁၆-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန စသည့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ Kan Thar Yar Shopping Mall သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မအူပင်မြို့နယ်စစ်ချောင်း အ.ထ.က.ခွဲကျောင်းသို့ သွားရောက်၍(၁၅.၁.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်၍ (၁၅.၁.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် ပြည်သူ(၁၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။