သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောက်ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၅.၁၂.၂၀၂၃ ရက်နေ့ နံနက် (၁၀:၅၀) မှစ၍ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီပြတ်လပ်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ (ပဲတီစိမ်း) စိုက်တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျုံကန်ကျေးရွာ၊ ညောင်လန်းကျေးရွာနှင့် ခရမ်းမြို့ပေါ်ရှိ နှစ်ဟောင်းကြွေးကျန်များကိုပေးဆပ်ပြီးသော ဆောင်းသီးနှံ(ပဲတီစိမ်း) စိုက်တောင်သူ (၉၀) ဦးတို့အား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး ခဲ့ကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးစိုင်းဟုန်ရှန်(ဒု-ကြီးကြပ်ရေးမှူး)သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ပါမုန်ကျေးရွာရှိ တောင်သူဦးနွဲ့ရှန်း၏ ငရုတ်စိုက်ခင်းသို့သွားရောက်၍ ငရုတ်စိုက်ခင်းဖြစ်ထွန်းနေမှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့ကိုလေ့လာခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် စားသုံးသူရေးရာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာရှိ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေး နှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM)သို့ ရောက်ရှိခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်(၁၀ꓽ၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)အတွင်းရှိ မြတ်ကြယ်စင်အမှတ်တံဆိပ် ကိတ်မုန့်/ပေါင်မုန့်လုပ်ငန်အား ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။