Main menu

အစားအသောက်သန့်ရှင်းရေးဆိုင်ရာသင်တန်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် စစ်ကိုင်းမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်(၀၉း၃၀)အချိန် စစ်ကိုင်းမြို့၊ ပါရမီရပ်ရှိ စိန်ကြည် ခေါက်ဆွဲစက်သို့လည်းကောင်း၊ နံနက်(၁၁း၀၀)အချိန် နန္ဒဝန်ရပ်ရှိ ရွှေကြိုးကြာပဲမှုန့်ကြိတ်စက် သို့လည်းကောင်း၊ (၁၄)ရက်နေ့ နေ့လည်(၁၃း၀၀)အချိန် နီလာစက်မှုဇုန်ရှိ ၇၄၇ခေါက်ဆွဲစက် သို့လည်းကောင်း၊ (၁၅)ရက်နေ့ နံနက်(၁၀း၀၀)အချိန် ပါရမီရပ်ရှိ ၇၄၇ခေါက်ဆွဲစက်သို့လည်းကောင်း စုစုပေါင်း(၆၈)ဦးအား အစားအသောက်သန့်ရှင်းရေးဆိုင်ရာသင်တန်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် အသင့်ထုတ်ပိုးထားသော အစားအသောက်များ၏ အစားအသောက် သန့်ရှင်းရေးဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊  ဦးဝင်းဦး(ဒုတိယဦးစီးမှူး)က လုပ်ငန်းကိစ္စများ ပူးပေါင်းပါဝင်ဆောင် ရွက်ရန်ပြောကြားခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးကျော်ဇေယျ (ဒုတိယဦးစီးမှူး)က သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် အမှိုက်ပုံများထားရှိရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလင်းလင်းချစ်(ခရိုင်မှူး)က စက်ရုံများကို တစ်နှစ် (၁)ကြိမ် စစ်ဆေးရန်ပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(စစ်ကိုင်း)