
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၅.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၁၅)နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ Max စက်သုံးဆီဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း ရောင်းချနေမှုရှိ/မရှိ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်လမ်း၊ မြို့မ(၁)ရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ Max ဆိုင်မှ တာဝန်ခံ ဦးဝင်းထွန်းသန်းမှ ပူးပေါင်းလျက် စက်သုံးဆီလက်ကျန်အနေဖြင့် စက်သုံးဆီများ လုံလောက်စွာ သိုလှောင်ထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ အချင်အတွယ် ပြည့်ဝမှန်ကန် မှုရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ ဆိုင်တာဝန်ခံအား အချင်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေး အတွင်းသာ ရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
DOCA (ရန်ကုန်)
