Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Nov 2023

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၅.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။<

21 Nov 2023

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ အောင်သပြေဈေးအတွင်း ရေသန့်ရောင်းချသောဆိုင်များရှိ ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

21 Nov 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ အမှတ်(၆/၉)ရပ်ကွက်အတွင််း ရေသန့်ရောင်းချသောဆိုင်များရှိ ရေသန့်ဘူးများ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

21 Nov 2023

      စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ဈေး၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့သည်။  အသိပညာပေးဟောပြောပွဲတွင် နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသွင် (ရုံးအုပ်) က ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌ

21 Nov 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးတင်မောင်သိန်း(ဦးစီးအရာရှိ)၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးနန်ဆွင်မာန်(အငယ်တန်းစာရေး)၊ ပြည်မြို့နယ်၊ အထွေအထွအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ်(ဒု-ဦးစီးမှူး)နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဟုန်းကီးထွန်း(အငယ်တန်းအင်ဂျင်နီယာ-၄)တို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟားခါးမြို့

Pages