Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Nov 2023

   စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း၌ထုတ်လုပ်သော စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား လုပ်ငန်းများစဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် လုပ်ငန်းသုံးဆီရရှိရေး ဆောင်ရွက် ပေးလျက်ရှိပါသည်။

20 Nov 2023

  မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၁၄-၁၁-၂၀၂၃) ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ  မုဒုံမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်နှင့်စတိုးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

20 Nov 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၉-၁၁-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း၏ မုဒုံမြို့နယ်အတွက် (၈) ကြိမ်မြောက် ခွဲဝေရရှိထားသော စားအုန်းဆီများရောင်းချခြင်းကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

20 Nov 2023

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃-၁၁-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

20 Nov 2023

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်လိုက်ပါလျက် (၁၁-၁၁-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ၊ မဟာကထိန်တော်အသင်းဝင်များနှင့်တွေ့ဆုံဆွေးနွေး၍ ကုန်စည်ဒိုင်အတွင်း ရောင်းဝယ်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး    နေ့လယ်ပိုင်းအချိန်တွင်  မြစ်ငယ်ရှိ Kerry Mother Logistics နှင့် Resource Group Logistics Dry Port များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်နေမှုများအား လှည

Pages