Main menu

ပခုက္ကူမြို့ရှိ “အောင်မြင့်မိုရ်” ဆန်သိုလှောင်ရုံ၏ စက်တင်ဘာလ ဆန်လက်ကျန်  စာရင်းများ MyRo Website တွင် ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိ

Powered by Drupal

 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် နည်းပညာ အခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များမှ ခရိုင်ဦးစီးမှူးရုံးသို့ လာရောက်၍ ဆန်လက်ကျန်စာရင်းများ ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလတွင် ပခုက္ကူမြို့၊ အမှတ်()ရပ်ကွက်၊ အာဇာနည်လမ်းရှိ  ဆန် ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးအောင်သန်း၏အောင်မြင့်မိုရ်ဆန်ဆိုင်မှ ဆန်သိုလှောင်ရုံ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား MyRo Website တွင် ဖြည့်သွင်းခြင်းကို ကူညီဆောင်ရွက် ပေးလျက်ရှိပြီး ၎င်း၏ ဆန်သိုလှောင်ရုံသည် ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ပြီး အလျား(၅၀)ပေ၊ အနံ(၈၆)ပေ၊ အမြင့်(၁၅)ပေ ရှိပြီး အမိုး(သွပ်) အကာ(အုတ်) အခင်း (ကွန်ကရစ်)ဖြင့် တည်ဆောက် ထားပြီး ဆန်သိုလှောင်နိုင်သည့်ပမာဏမှာ အိတ်ရေ(၂၀၀၀၀)ခန့်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင် ဘာလ ဆန်လက်ကျန်မှာ သီးထပ်ရင် ကုန်ရ(၁၄၂၄)အိတ်၊ ကုန်ထုတ် (၈၅)အိတ်၊ ကုန်လက်ကျန် (၁၃၃၉)အိတ်၊ ဧရာပဒေသာ ကုန်ရ(၆၁၂)အိတ်၊ ကုန်ထုတ်(၁၉၀)အိတ်၊ ကုန်လက်ကျန် (၄၂၂)အိတ်၊ ဆင်းသုခ ကုန်ရ(၆၄၅၄)အိတ်၊ ကုန်ထုတ်(၆၆၄)အိတ်၊ ကုန်လက်ကျန် (၅၇၉၀)အိတ်၊ ရွှေဘိုပေါ်ဆန်း ကုန်ရ(၆၈)အိတ်၊ ကုန်ထုတ်မရှိ၊ ကုန်လက်ကျန် (၆၈)အိတ်၊ ဧရာဝတီပေါ်ဆန်း ကုန်ရ(၁၄၀)အိတ်၊ ကုန်ထုတ်(၁၆)အိတ်၊ ကုန်လက်ကျန် (၁၂၄)အိတ်၊ ဆန်ကွဲ ကုန်ရ(၄၉၂၃)အိတ်၊ ကုန်ထုတ် (၁၀၀၄) အိတ်၊ ကုန်လက်ကျန် (၃၉၁၉)အိတ်၊ အခြား ကုန်ရ(၃၈၁၆) အိတ်၊ ကုန်ထုတ်(၂၁၁)အိတ်၊ ကုန်လက် ကျန်(၃၆၀၅)အိတ်ရှိကြောင်း၊ နယ်မြေအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိပြီး လုံလောက်စွာ တင်ပို့ရောင်းချရခြင်းမရှိ၍ ရောင်းဝယ်ရေးအနည်းငယ်အေးနေကြောင်းလည်း ဆန် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)