Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Dec 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက်နေ့တွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ထိန်သဇင်”မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

21 Dec 2023

      (၁၁-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊မှ တာဝန်ရှိသူများသည် ပန်းတနော်မြို့ နေနတ်သား ဆန်စက်အား ထုတ်ကုန်လုံခြုံ စိတ်ချရ မှုရှိစေရန် ကွင်ဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခြင်းပြုလုပ်ခဲ့ပါသည်။

21 Dec 2023

        စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့ ၊ နံနက် (၀၉:၃၀)အချိန် ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆီရောင်းချသူလုပ်ငန်းရှင်(၃၀)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း အသိပညာပေးဟော ဆွေးနွေးခဲ့ပါသည်။

21 Dec 2023

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည်  (၁၂.၁၂.၂၀၂၃)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူ(၃၀)ဦးအား စားသုံးသူအသိပညာပေးဟော ပြောခဲ့ကြပါသည်။

21 Dec 2023

      ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် နေပြည်‌တော်၊ဦးစီးမှူးရုံးက ဦးဆောင်၍ တပ်ကုန်းမြို့၊ မြို့မဈေးရုံးခန်းတွင် ကုန်မျိုးစုံရောင်းချသည့်ဈေးသည်များနှင့် စားသုံးဆီ ရောင်းချသည့်ဈေးသည်များကို အသိပညာပေးဟောပြောမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးဝင်းသွင် ရုံးအုပ်က ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိရှိ လိုက်နာဆောင်ရွက်ရန်၊ စားသုံးဆီရောင်းချသူများအနေဖြင့် ဖော်ပြရမည့်သတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးရောင်းချရန်၊ စား

Pages