သတင်းနှင့် လှုပ်ရှားမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး( ၄/၂၀၂၃ )ကို (၁၈.၁၂.၂၀၂၃)ရက်န့၊ (၁၃:၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ စီးပွားရေးရာဝန်ကြီး ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၁၅.၁၂.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံနှင့်ရုံးဝန်ထမ်းများအဖွဲ့သည် မုဒုံမြို့နယ်၊ အ.ထ.က (ကော့ပရံ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ချောင်းစလန်းကျေးရွာတွင် (၁၅.၁၂.၂၀၂၃) ရက်နေ့ နေ့လယ်(၁၃:၀၀)အချိန်၌ ကော့သောင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးဦးသန်းဦး၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ဘားအံမြို့နယ် ဘားကပ်ကျေးရွာရှိ လက်လီကုန်စုံ ဆိုင်များသို့ ကွင်းဆင်း၍ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က Digital E-commerce PlatForm တစ်ခုတည်ဆောက်ထားပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များ Exporter များ၊ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ Buyer များနှင့် ချိတ်ဆက်ရောင်းဝယ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်၊၊