သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် ၁၄-၁၂-၂၀၂၃ ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် အ-ထ-က (၅) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံသောကုန်စည်များ ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံ ဦးနိုင်ဦး(ဒုတိယကြီးကြပ်ရေးမှူး)သည် (၁၃-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (Talk Show) ပြုလုပ်ကျင်းပခဲ့ပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီစျေးနှုန်းတည်ငြိမ်စေရန် မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် မကွေးမြို့နယ်ရှိ စျေးများနှင့် ရပ်ကွက်ကုန်စုံဆိုင်များအား စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၅၂၀၀)နှုန်းကို အထိုင်စနစ်ဖြင့်ရောင်းချရန် ဖြန့်ဖြူးပေးထားကြောင်းသိရှိရပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign ဆောင်ရွက်လျက်ရှိရာ (၁၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြပါသည်။