သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်း (အနောက်ပိုင်း)ရှိ ပြည်မြို့နယ်တွင် ရွှေဆံတော်ဘုရားပွဲအား ယခု ၂၀၂၃ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြသည်။ ရွှေဆံတော်ဘုရားမြတ်စွယ်တော်လှည့်ပွဲအား တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေအထိ (၅)ရက်တိုင်တိုင် ပွဲတော်ကျင်းပပြုလုပ်သည်။ ပြည်မြို့၊ ရွှေဆံတော်စေတီတော်မြတ်၏ ရင်ပြင်ပေါ်တွင်ရှိသော မြတ်စွယ်တော်ဂန္ဓကုဋီတိုက်၌ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက်နေ့၊ ညနေ(၅း၀၀)နာရီအချိန်တွင် ကိန်းဝပ်ဆံပယ်တော်အပူဇော်ခံပြီး မြတ်စွယ်တော
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/894_1.jpg?itok=LkiMDC0_)
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်မြို့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ဒေသထွက်ထုတ်ကုန်များ ဈေးကွက်ကျယ်ပြန့်စွာရရှိစေပြီး ကုန်ပစ္စည်းများကို ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ရေးရည်ရွယ်၍ ဒေသထွက်ထုတ်ကုန်အရောင်းစင်တာဖွင့်လှစ်နိုင်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/894_0.jpg?itok=Xf9e2CQF)
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၉-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ နည်းပညာတက္ကသိုလ်ဝင်းအတွင်းရှိ ရွှေဇီဝသဘာဝဇီဝမြေဩဇာစက်ရုံသို့သွားရောက်၍ စက်ရုံတာဝန်ခံနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/892_0.jpg?itok=549kc0kO)
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် (၂၉-၁၁-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့၊ ခရွန်းရှမ်းရွာရှိ Cool အအေးခန်းစက်ရုံသို့ရောက်ရှိ၍ အအေးခန်းလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးအောင်သိန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/892.jpg?itok=bZS_MUol)
ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၂၉ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/890.jpg?itok=aVDLOlo5)