
စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မလှိုင်မြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ခြင်္သေ့မင်း စတိုးဆိုင်၊ ငွေလမင်း စတိုးဆိုင်နှင့် မြင့်မိုရ်တံခွန် ကုန်စုံဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါစစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရန် ကုန်အညွှန်း အမှတ်အသားပြည့်စုံသော ကုန်စည်များကိုသာ ရောင်းချစေရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးခဲ့သော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်များ ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
