Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Mar 2024

   စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လ/ထညွှန်မှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊  မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဦးအောင်အောင်(မြို့နယ်ရဲတပ်ဖွဲ့မှူး) ပြည်နယ်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးတင်မောင်သိန်း(ဦးစီးအရာရှိ)နှင့် ပြည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဝင်းထွဋ် (ဒု-ဦးစီးမှူး)တို့သည်  ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ ပြည်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

08 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှဦးဝင်းသိန်းဦး(ရုံးအုပ်)သည် ၆.၃.၂၀၂၄ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ ပလတ်စတစ်၊ ဖိုက်ဘာအိမ်သုံးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

08 Mar 2024

   ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူး  ဦးအောင်ကျော်ဦးသည် ၅.၃.၂၀၂၄ ရက်နေ့တွင် ဗန်းမော်မြို့ အကောက်ခွန်ဦးစီးဌာနရုံး၌ ဌာနဆိုင်ရာများနှင့် ပို့ကုန် / သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်(၂၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

07 Mar 2024

     နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်  အရင်းမပျောက်မတည်ငွေ (၈) ဘီလီယံအား  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၃ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ  စိုက်ပျိုးရေးကဏ္ဍတွင် (၅.၅) ဘီလီယံ၊ မွေးမြူရေးကဏ္ဍတွင် ကျပ်(၁)  ဘီလီယံ၊ အသေးစား၊ အငယ်စား၊ အလတ်စား၊ အကြီးစား (MSMES) ကဏ္ဍတွင် ကျပ်(၁.၅) ဘီလီယံ၊ သက်ဆိုင်ရာနိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များက  ထုတ်ချေးခဲ့ခြင်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

07 Mar 2024

     မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ စားသုံးသူများအနေဖြင့် ၎င်းတို့၏ထိခိုက်နစ်နာဆုံးရှုံးမှုများအား လူကိုယ်တိုင်သော်လည်းကောင်း၊ Website မှသော်လည်းကောင်း၊ CICC မှသော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်တိုင်ကြားလာခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလအထိ တိုင်ကြားမှုပေါင်း (၄၉) မှုရှိခဲ့ရာ ဖြေရှင်းဆောင်ရွက်ပြီးစီးမှု (၄၂) မှုရှိပြီး ဖြေရှင်းရန်ကျန် (၇) မှုအား ဆက်လက်ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Pages