သတင်းနှင့် လှုပ်ရှားမှုများ
အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၉.၆. ၂၀၂၃) ရက်နေ့ နံနက်ပိုင်းတွင် အုတ်ဖိုမြို့နယ်အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော ဆေးဆိုင်များသို့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် (၁၈-၆-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သီပါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၎င်းဌာနရှိ လူထုဗဟိုပြုဌာန (Community Center) ၌ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ဇွန်လ(၂၀)ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့ ပညာရေးဒီဂရီကောလိပ်၊ပညာပါရမီခန်းမတွင် “စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူ၊ဆရာ/မ စုစုပေါင်း (၁၃၇၆)ဦး တက်ရောက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအသိပညာဗဟုသုတ တိုးပွားစေရေးနှင့် စွမ်းဆောင်ရည်မြင့်မားလာစေရေး ရည်ရွယ်လျက် Thursday Talk အသိပညာပေးဆွေးနွေးပွဲများ တစ်လလျှင် အနည်းဆုံးတစ်ကြိမ် ကြာသပတေးနေ့၌ ဆွေးနွေးဟောပြောကြောင်း သိရသည်။၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့၌ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဆိုင်ရာ သိကောင်းစရာများခေါင်းစဉ်ဖြင့် ဒေါ်မြို့ရီ (ဦးစီးအရာရှိ) မှ အသိပညာပေးဆွေးနွေး ပြောခဲ့ပါသည်။ ဆွေးနွေးရာ၌
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်များကို မေလ (၁၈) ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် (၉) နာရီအချိန်တွင်လည်း ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရှိရပါသည်။