Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၄.၇.၂၀၂၃)ရက်နေ့ နံနက်(၁၀:00)နာရီအချိန်တွင် ဒေသထွက် ရိုးရာအစားအစာများဖွံ့ဖြိုး တိုးတက်စေရန်အတွက် မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာရှိ  တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိသော “ကြက်ဥမရွေး”လုပ်ငန်းအား သွားရောက်ကွင်းဆင်း လေ့လာဆွေးနွေးခဲ့ပါသည်။

03 Aug 2023

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဦးအောင်ဝင်း (အုတ်တွင်းမြို့နယ်တာဝန်) သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယကြီးကြပ်ရေးမှူး ဦးကျော်လင်းထွန်း၊ အုတ်တွင်းမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ ကျွဲပွဲဈေးတာဝန်ခံ ဦးအောင်သူထွန်းတို့ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင်ရောင်းချနေသော အလှကုန်ပစ္စည်းများ၊ အစားအသောက်များနှင့်ဆေးဝါးများ၌

03 Aug 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၁.၇.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ ဆင်ပေါက်လှရပ်ကွက်ရှိ "ကောင်းမတ်" ကြက်ဥမရွေး လုပ်ငန်းရှင်ဆီသို့  သွားရောက်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)တွင် ပြဌာန်းထားသော အခန်း(၁၈)ပါ ကုန်အညွှန်းအ

03 Aug 2023

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ တည်ကုန်းတောင်ပိုင်းရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite အချိုရည်များရောင်းချနေမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

02 Aug 2023

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်သည် ကျေးရွာအုပ်စု(၁၁)အုပ်စုရှိပြီး နွေစပါးကို(၁၇၂၇)ဧက စိုက်ပျိုးရန်လျာထားပြီး တောင်သူပေါင်း(၇၃၂)ဦးတို့မှ (၁၅၈၄)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)ထိ ရိတ်သိမ်းပြီးဧကမှာ (၁၃၄၉)ဧကဖြစ်ပြီး အထွက်နှုန်း (၈၁.၅၆)တင်း၊ အထွက်တင်း (၁၁၀၀၂၄)တင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

Pages