Main menu

သရက်ခရိုင်၊ ကံမမြို့နယ်ရှိ ကျေးရွာများ၌ နွေစပါးရိတ်သိမ်းထွက်ရှိမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်သည် ကျေးရွာအုပ်စု(၁၁)အုပ်စုရှိပြီး နွေစပါးကို(၁၇၂၇)ဧက စိုက်ပျိုးရန်လျာထားပြီး တောင်သူပေါင်း(၇၃၂)ဦးတို့မှ (၁၅၈၄)ဧက စိုက်ပျိုးပြီးဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)ထိ ရိတ်သိမ်းပြီးဧကမှာ (၁၃၄၉)ဧကဖြစ်ပြီး အထွက်နှုန်း (၈၁.၅၆)တင်း၊ အထွက်တင်း (၁၁၀၀၂၄)တင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါသည်။

   ကံမမြို့နယ် ပွတ်စုကျေးရွာအုပ်စုသို့(၂၂.၇.၂၀၂၃)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကွက်ကောက်ကွင်းဆင်းမေးမြန်းခဲ့ရာ ပွတ်စုကျေးရွာအုပ်စုသည် မဒေးဆည်လှောင်တမံမှ ရရှိသောဆည်ရေများဖြင့် နွေစပါး၊ မိုးစပါးသီးနှံများကိုစိုက်ပျိုးကြကြောင်း၊ ယခုအခါ စပါးစိုက်တောင်သူများအနေဖြင့် နွေစပါးကို စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ မနောသုခစပါးမျိုးသာအဓိကထား စိုက်ပျိုးကြကြောင်း၊ နွေစပါးများစိုက်ပျိုးရာတွင် စပါးများကို ပက်ကျဲစနစ်ဖြင့် စိုက်ပျိုးပြီး မြေပြုပြင်ခြင်းမှ ပျိုးပက်ကျဲသည်အထိ ကျပ်(၁၀၂၀၀၀)ကုန်ကျပါကြောင်း၊ မျိုးစပါး၊ ကွန်ပေါင်းမြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အားဆေးစသည့်သွင်းအားစု ကုန်ကျစရိတ်မှာ ကျပ်(၄၂၀၀၀၀)နှင့် စက်ဖြင့်ရိတ်သိမ်းခ ကျပ်(၉၀၀၀၀)၊ စုစုပေါင်း(၁)ဧက ကုန်ကျစရိတ်မှာ ကျပ်(၆၁၂၀၀၀) ကုန်ကျပါကြောင်း၊ (၁)ဧကလျှင်(၈၀)တင်းအတွင်း ထွက်ရှိပါကြောင်း၊ တစ်တင်းလျှင် ကျပ်(၁၆၈၀၀) ရောင်းချရပြီး ဝင်ငွေကျပ်(၁၃၄၄၀၀၀)ရရှိ၍ (၁)ဧကလျှင် အကျိုးအမြတ်အနေဖြင့် ကျပ်(၇၃၂၀၀၀) ရရှိပါကြောင်း၊ ရိတ်သိမ်းပြီးစပါးများကို ပြည်၊ ပေါက်ခေါင်း၊ နတ်တလင်းမြို့ရှိ စပါးအဝယ် ကိုယ်စားလှယ်များမှ ကွင်းအရောက်လာရောက် ဝယ်ယူကြပါကြောင်း နွေစပါးစိုက်ပျိုးသူ တောင်သူဦးသန်းဇော်ထံမှ သိရှိရပါသည်။

DOCA(မကွေး)