Main menu

ပခုက္ကူမြို့၊ ဆင်ပေါက်လှရပ်ကွက်တွင် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြစေရေး ကွင်းဆင်းအသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးက အနီးကပ်ကြီးကြပ်၍  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် (၂၁.၇.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ ဆင်ပေါက်လှရပ်ကွက်ရှိ "ကောင်းမတ်" ကြက်ဥမရွေး လုပ်ငန်းရှင်ဆီသို့  သွားရောက်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)တွင် ပြဌာန်းထားသော အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြစေရေး အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူအတွက် အကျိုးပြုသောဌာနဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC) ဖွင့်လှစ်ထားရှိမှုများအကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သော ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ယခုလို ကွင်းဆင်း၍ အသိပညာပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူများမှ စားသောက်ကုန်တစ်ခုခုကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမှာ အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြောင်း၊ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည်ကို သိရှိလာပြီး မိမိတို့အတွက်လည်း အကျိုးစီးပွားများ ပိုမိုအောင်မြင်လာမည်ဖြစ်သောကြောင့် လိုက်နာဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာ ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)