ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၌ ရွှေတောင်မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ တည်ကုန်းတောင်ပိုင်းရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် Sprite အချိုရည်များရောင်းချနေမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် တရားမဝင်ဝင်ရောက်လာသောကုန်ပစ္စည်းများရောင်းချမှုမရှိစေရန်နှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းမရှိသော ကုန်ပစ္စည်းများကိုရောင်းချမှုမပြုကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)