
စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဒုတိယဦးစီးမှူး၊ ဦးထန်ဘူး လေနှင့်ဝန်ထမ်းများသည် ၂၂.၉.၂၀၂၆ရက်နေ့ ၁၂:၀၀ နာရီအချိန်တွင် ကလောမြို့နယ်၊ သာမိုင်းခမ်း ကျေးရွာရှိ ရွှေရှမ်းဖြူ ဒေသထွက်ကုန် အိမ်တွင်းမှုအကြော်စုံလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုတွင် လုပ်ငန်းရှင်အနေဖြင့် မိမိထုတ်လုပ်သော ကုန်စည်များတွင် အရည်အ သွေး၊ အချိန်အတွယ်ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊အမျိုး အမည်၊အရွယ်အစား၊သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်မှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် သက်တမ်းကုန်ဆုံးရက်များကို စနစ်တကျဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ ပြည့်စုံစွာဖော်ပြပေးရန် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ထုတ်လုပ်ရောင်းချရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်လင်းဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)
